kokoye2007

Revision 2 as of 2011-04-23 16:21:28

Clear message

Ko Ko Ye`

Yangon, Myanmar

  • "လူတွေဟာ အကြောင်းမဲ့ဆိုးနေတယ်လို့ ကျွန်တော်မယုံဘူး။"

About

မြန်မာပြည်က လူတွေအတွက် Ubuntu ကို မျှဝေခံစားပေးချင်တယ်။ မြန်မာပြည်ကလူတွေကိုယ်တိုင် စုစည်းပြီး ပြုပြင်ထားတဲ့ OS တစ်ခုကို အသုံးတည့်တည့် အကျိုးရှိရှိ ထွက်ပေါ်လာစေချင်တယ်။ ဒီအတွက် ဒါတွေလုပ်နေတယ်။

Behaviours

Learning

Use

လက်ရှိ Ubuntu 10.10 သုံးနေတယ် 11.04 ထွက်ရင်လည်း Upgrade လုပ်မှာပါပဲ။ Server တွေအတွက် 10.04 LTS နဲ့ အသုံးပြုပြီး ပြင်ဆင်ပေးတယ်။ နောက် Ubuntu နဲ့ Mint ပေါင်းထားတဲ့ Pinguy OS လဲသုံးတယ်။ Linux ကိုစသုံးတာက Fedora နဲ့ စဖြစ်တယ်။ Backtrack, Puppy linux, CentOS, slax နဲ့ ပြုပြင်ထားတဲ့ Distro တော်တော်များများလဲ တခါတလေသုံးဖြစ်ပါတယ်။

Sharing

ပထမဆုံး မျှဝေချင်တာကတော့ OSS တွေ အကုန်လုံးကို မျှဝေခံစားချင်တာ။ သို့သော် တခုခုကို အရင် ထိုးဖောက်ရမှာ ဖြစ်တဲ့အတွက် Ubuntu ကိုရွေးလိုက်တယ်။ Apache, Mozilla Firefox, Wordpress, Joomla စတာတွေက အောင်မြင်ပြီးသားလေ။ နောက်ပြီး OS ဆိုရင် ဒီမှာ Windows ကိုလုံးဝမယှဉ်နိုင်ဘူးဖြစ်နေတယ်။ အဲတာကို ဝယ်သုံးရမယ်ဆိုတာရယ် ဝယ်သုံးရင် ဘယ်လောက်ကျမယ်ဆိုတာရယ် ဒီကလူတွေ သိပ်မသိဘူး။ Error အရမ်းများပေမယ့် အသုံးလည်းများနေတဲ့ Windows နဲ့ ယှဉ်ပြီး Ubuntu ကိုမျှဝေရမယ်ဆိုတော့ တော်ရုံဇွဲနဲ့ မဖြစ်ဘူးဆိုပြီး အဲတာပဲ ရွေးလိုက်တာ။ နောက်ပိုင်း အခြား အသုံးတည့်မယ့် OSS တွေလည်း ပိုမိုကောင်းမွန်စေဖို့ လူပိုသိအောင် Error တွေဝိုင်းရှင်းနိုင်အောင် လုပ်သွားဖို့ရှိပါတယ်။

Adoption

Why using Ubuntu?

လွတ်လပ်ခြင်း အတွက်ပါပဲ။ လိုင်စင်ပိုင်းသာမက OS နဲ့ Software အပေါ်မှာထားတဲ့ စိတ်ခံစားမှုတွေပါ လွတ်လွတ်လပ်လပ်ခံစားပြီး freedom ဖြစ်နေစေတယ်။

Why a challenge?

လူတွေကို ဝင်းဒိုးကို ဝယ်သုံးပါ ခိုးသုံးပါ၊ ဝယ်သုံးရတာနဲ့ တန်အောင် မက်ဘုတ် ဝယ်သုံးပါ၊ စသဖြင့် ကျွန်တော်မပြောချင်ဘူး။ သို့သော် အဲလို ခိုးသုံး ဝယ်သုံးနေရတဲ့ OS တွေနဲ့ယှဉ်လို့ရတဲ့ ပိုကောင်းတယ်လို့ အများလက်ခံထားတဲ့ OS တစ်ခုနဲ့ မိတ်ဆက်ပေးဖို့တော့ ကျွန်တော် ကြိုးစားနေပါတယ်။

Social networking profile

facebook: kokoye2007 gmail: kokoye2007 twitter: kokoye2007 skype: kokoye2007

Web

http://www.u4mm.com